Stewart Hughes

သဘာပတိ၊ အမှုဆောင်အရာရှိချုပ်(CEO)

ယခင်က Unicity International တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော Stewart Hughes သည် ဘဏ္ဍာရေးလောကတွင် ၁၅ နှစ်ကြာ အတွေ့အကြုံရှိခဲ့သူဖြစ်ကာ လွတ်လပ်သောဖြန့်ချိရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် နောက်ဆုံးပေါ် ခေတ်မီ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ထုတ်ကုန်များကို ကမ္ဘာအနှံ့သို့ ဖြန့်ချိပေးရန် ဖြစ်ပါသည်။

ကုမ္ပဏီ၏ စီအီးအိုတစ်ဦးဖြစ်လာစေရန် Unicity ၏ အောင်မြင်သော ဖြန့်ချိသူဘဝကို စွန့်လွှတ်ခဲ့သော မစ္စတာ Hughes သည် Unicity နှင့် ဖြန့်ချိသူများထံသို့ ယင်း၏ အလုပ်ကတိကဝတ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဝန်ထမ်းများ၊ ဖြန့်ချိသူများနှင့် ကာစတန်မာများအတွက် “ပိုမိုကောင်းမွန်သော ဘဝများဖန်တီးနိုင်ရေး” အတွက် မစ္စတာ Hughes ၏ ဆန္ဒမွန်သည် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များထုတ်လုပ်ခြင်း၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုအစီအစဉ်များ တိုးတက်စေခြင်းနှင့် စစ်မှန်စွာ တိုးတက်ကောင်းမွန်လာသော ဘဝများကို ဖန်တီးနိုင်ခြင်းတို့ဆီ ဦးတည်နိုင်ခဲ့သည်။

Stewart Hughes

သဘာပတိ၊ အမှုဆောင်အရာရှိချုပ်(CEO)

ယခင်က Unicity International တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော Stewart Hughes သည် ဘဏ္ဍာရေးလောကတွင် ၁၅ နှစ်ကြာ အတွေ့အကြုံရှိခဲ့သူဖြစ်ကာ လွတ်လပ်သောဖြန့်ချိရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် နောက်ဆုံးပေါ် ခေတ်မီ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ထုတ်ကုန်များကို ကမ္ဘာအနှံ့သို့ ဖြန့်ချိပေးရန် ဖြစ်ပါသည်။

ကုမ္ပဏီ၏ စီအီးအိုတစ်ဦးဖြစ်လာစေရန် Unicity ၏ အောင်မြင်သော ဖြန့်ချိသူဘဝကို စွန့်လွှတ်ခဲ့သော မစ္စတာ Hughes သည် Unicity နှင့် ဖြန့်ချိသူများထံသို့ ယင်း၏ အလုပ်ကတိကဝတ်ကို ထုတ်ပြန်ခဲ့ပါသည်။ ဝန်ထမ်းများ၊ ဖြန့်ချိသူများနှင့် ကာစတန်မာများအတွက် “ပိုမိုကောင်းမွန်သော ဘဝများဖန်တီးနိုင်ရေး” အတွက် မစ္စတာ Hughes ၏ ဆန္ဒမွန်သည် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များထုတ်လုပ်ခြင်း၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုအစီအစဉ်များ တိုးတက်စေခြင်းနှင့် စစ်မှန်စွာ တိုးတက်ကောင်းမွန်လာသော ဘဝများကို ဖန်တီးနိုင်ခြင်းတို့ဆီ ဦးတည်နိုင်ခဲ့သည်။

Christopher Kim

Christopher Kim

ဥက္ကဋ္ဌ (နိုင်ငံတကာဈေးကွက်)

မစ္စတာ Kim သည် လက်ရှိတွင် Unicity International ၏ နိုင်ငံတကာဈေးကွက်ဆိုင်ရာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် မစ္စတာ Kim သည် Unicity အတွက် နိုင်ငံတကာဈေးကွက်များအပေါ် ကြီးကြပ်စီမံရကာ ကုမ္ပဏီ၏ ကြီးထွားတိုးတက်မှုကို အရှိန်မြှင့်တင်ရန် လုပ်ဆောင်ပေးလျက် ရှိပါသည်။

Unicity တွင် တာဝန်မယူခင်ကာလက မစ္စတာ Kim သည် စီမံခန့်ခွဲရေးရာထူးအမျိုးမျိုးဖြင့် နှစ်ပေါင်း ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့သည်။ Unicity သို့ ၂၀၀၅ ခုနှစ်တွင် စတင်ရောက်ရှိလာစဉ်က မစ္စတာ Kim သည် ယင်း၏အတွေ့အကြုံများစွာကို ကုမ္ပဏီသို့ ဆောင်ကြဉ်းပေးလာရုံမဟုတ်ဘဲ သူမတူသော ဉာဏ်ရည်ထက်မြက်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ မစ္စတာ Kim သည် မတူညီသောယဉ်ကျေးမှုဓလေ့များမှ လူအမျိုးမျိုးနှင့် လက်တွဲလုပ်ဆောင်နိုင်စွမ်း ရှိသည့် သူမတူသောစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထိုစွမ်းရည်ကြောင့် ကုမ္ပဏီအနေဖြင့် တစ်ဦးချင်းအဆင့်သာမက အစုအဖွဲ့အဆင့်ထိပါ အင်အားချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Unicity တွင် မစ္စတာ Kim ရှိနေသည့် ဆယ်စုနှစ်တာကာလအတွင်း ကုမ္ပဏီ၏ အကြီးမားဆုံးနှင့် အရှုပ်ထွေးဆုံးသော ဈေးကွက်ကြီးများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။ မစ္စတာ Kim ၏ စွမ်းဆောင်မှုကြောင့် Unicity International အနေဖြင့် သိသာထင်ရှားသော တိုးတက်မှု၊ ကျယ်ပြန့်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။

Dan Hughes

Dan Hughes

Chief Operating Offier (အာရှပစိဖိတ်ဒေသ)

Dan Hughes သည် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးအဖွဲ့သို့ ၂၀၀၈ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် အာရှပစိဖိတ်ဒေသ၏ Chief Operating Officer အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ Unicity တွင် မလုပ်ကိုင်မီက မစ္စတာ Hughes သည် Boeing Commercial Aircraft ကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာ Hughes သည် လက်ရှိတွင် Unicity ၏ အာရှပစိဖိတ်ဈေးကွက်အတွက် ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရေးတို့အတွက် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ ၎င်းသည် အသစ်ဖွင့်လှစ်သည့် ဒေသတွင်းဈေးကွက်သစ်များဆိုင်ရာ ကိစ္စများတွင် ဒေသတွင်းခေါင်းဆောင်များနှင့် ဆက်သွယ် ဆောင်ရွက်ခြင်းအားဖြင့် ပါဝင်လုပ်ကိုင်လျက် ရှိကာ အခြားသော ဈေးကွက် အထောက်အပံ့များကိုလည်း ဆောင်ရွက်ပါသည်။

Clayton Barton

Clayton Barton

Chief Operating Officer

Clayton Barton သည် Unicity သို့ Chief Operating Officer အဖြစ် ၂၀၀၉ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပါသည်။ Unicity သို့မရောက်ရှိခင်က မစ္စတာ Barton သည် ပုံနှိပ်လောကတွင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာပုံနှိပ်ကုမ္ပဏီကြီးဖြစ်သည့် QuebecorWorld အပါအဝင် ကုမ္ပဏီ ၃ ခုတွင် အရောင်း၊ လုပ်ငန်းလည်ပတ်မှုနှင့် အထွေထွေစီမံခန့်ခွဲရေး ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာ Barton သည် အမေရိကန်ပြည်ထောင်စုတစ်ခွင်ရှိ ဌာနခွဲအမျိုးမျိုး၌ လုပ်ငန်းလည်ပတ်မှုနှင့် အရောင်းစီမံရေးရာတို့တွင် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ကနေဒါနိုင်ငံနှင့် မက္ကစီကိုနိုင်ငံတို့ရှိ အဓိကစီမံကိန်းများတွင် ကြီးကြပ်ခဲ့ပါသည်။

Clive Winn

D. Clive Winn

Senior Vice President (အကြီးတန်း ဒု-ဥက္ကဋ္ဌ)

Unicity တွင် မလုပ်ကိုင်မီက မစ္စတာ Clive Winn သည် ဥပဒေရေးရာတွင် ကျယ်ပြန့်သောအတွေ့အကြုံ ရှိထားသူ ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်တွင် Utah ပြည်နယ်ရဲသင်တန်းကျောင်း၏ ဒါရိုက်တာအဖြစ်နှင့် FBI ၏ အထူးအေးဂျင့်တစ်ဦးအဖြစ် Utah ပြည်နယ်တွင် မြေအောက်နီကိုတင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

မစ္စတာ Winn သည် ၁၉၈၆ ခုနှစ်တွင် FBI မှ နုတ်ထွက်ကာ ကော်ပိုရေးရှင်းများစွာတို့တွင် လုပ်ကိုင်ခဲ့သည်။ ၎င်းသည် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း Thanksgiving Point ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ Word Perfect Corporation ၏ အရောင်းပိုင်းနှင့် ဈေးကွက်ပိုင်းဆိုင်ရာတို့၏ ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Unicity ကို ရောက်ရှိပြီးနောက် မစ္စတာ Clive Winn သည် အမျိုးမျိုးသောစွမ်းဆောင်မှုများနှင့် လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် Senior Vice President အဖြစ် တာဝန်ယူထားပါသည်။ မစ္စတာ Winn အနေဖြင့် Utah ပြည်နယ်ရှိ Dale Carnegie Franchise လုပ်ငန်းများအပါအဝင် သင်တန်းများ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာစတန်မာဝန်ဆောင်မှု တို့အတွက် တာဝန်ယူလုပ်ဆောင်လျက် ရှိပါသည်။

Mike Newsome

Mike Newsome

ဒု-ဥက္ကဋ္ဌ (ထုတ်ကုန်ဖွံ့ဖြိုးရေးဌာန)

မစ္စတာ Mike Newsome သည် ထုတ်ကုန်ဖွံ့ဖြိုးရေးဌာန၏ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ မစ္စတာ Newsome သည် အရည်အသွေးထိန်းအဖွဲ့၊ စည်းကြပ်ရေးအဖွဲ့တို့၏ နေ့စဉ်လုပ်ဆောင်မှုများနှင့် ထုတ်ကုန်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အဆင့်ဆင့် ကြီးကြပ်စီမံခန့်ခွဲရေးတို့အတွက် စီမံဆောင်ရွက်လျက် ရှိပါသည်။

မစ္စတာ Mike Newsome သည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒု-ဥက္ကဋ္ဌအဖြစ် ယခင်က တာဝန်ယူခဲ့ပြီး ဝယ်ယူခြင်း၊ ကြိုတင်ခန့်မှန်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်း စသည်တို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ Unicity ကို မရောက်ရှိမီအချိန်က ကာကွယ်ရေး၊ လေကြောင်း၊ လုံခြုံရေးနှင့် အားကစားဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့် နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဖြစ်သော Aliant Techsystems တွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့ပါသည်။ ပစ္စည်းဝယ်ယူခြင်း၊ စီမံကိန်းချဆောင်ရွက်ခြင်း၊ ကုန်ကျစရိတ်နှင့် ဈေးနှုန်းစိစစ်လေ့လာခြင်းတို့တွင် အဓိကတာဝန်ယူခဲ့သည့် အတွေ့အကြုံများ ရှိခဲ့သူ ဖြစ်သည်။ မစ္စတာ Newsome သည် ကုန်ကျစရိတ်ချွေတာခြင်းနှင့် ပရိုဂရမ်တိုးတက်ရေးဆောင်ရွက်ရသည့် စီးပွားရေးလုပ်ငန်းများစွာအတွက် တာဝန်ယူခဲ့ရသူလည်း ဖြစ်သည်။

Robert Cluff

Robert Cluff

ဒု-ဥက္ကဋ္ဌ (အမေရိက)

Robert Cluff သည် အမေရိကဒေသ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိကာ မြောက်အမေရိက၊ ကရစ်ဘီယံကျွန်း၊ နယူးဇီလန်နှင့် သြစတြေးလျတို့ကို ထိန်းကြပ်ညွှန်ကြားလျက် ရှိပါသည်။ မစ္စတာ Cluff သည် ၂၀၁၁ ခုနှစ်တွင် Unicity နှင့် လက်တွဲခဲ့စဉ်ကတည်းက စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာဒါရိုက်တာ၊ ဥရောပဆိုင်ရာမန်နေဂျာ၊ မြောက်အမေရိကနှင့် ဈေးကွက်အသစ်များဆိုင်ရာဒါရိုက်တာနှင့် အရှေ့တောင်အာရှ အရောင်းနှင့်ဈေးကွက်ရှာဖွေရေးဆိုင်ရာ ဒေသတွင်းဒါရိုက်တာ အဖြစ် အမျိုးမျိုးသောကဏ္ဍတို့တွင် တာဝန်ယူခဲ့ပါသည်။

Unicity တွင် မလုပ်ကိုင်မီက မစ္စတာ Cluff သည် ပုံနှိပ်လောကတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ် ၁၁ နှစ်ကြာ အပါအဝင် စီမံခန့်ခွဲရေးတာဝန်ကို နှစ်ပေါင်း ၂၅ နှစ်ကျော် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် မစ္စတာ Cluff သည် လက်မှတ်ရ Dale Carnegie Seminar Trainer တစ်ဦးလည်း ဖြစ်ပြီး စီးပွားရေးလုပ်ငန်းပိုင်း ခေါင်းဆောင်မှု၊ နိုင်ငံသားဘဝနှင့် လူမှုအသိုင်းအဝိုင်းဝန်ဆောင်မှုတို့တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

Devon Knowles

Devon Knowles

ဒုဥက္ကဋ္ဌ (လုပ်ငန်းလည်ပတ်မှု)

Devon Knowles သည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ မစ္စတာ Knowles သည် လွန်ခဲ့သောနှစ်များစွာအတွင်း ကျယ်ပြန့်သောတာဝန်များကို ရယူဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်ခဲ့သူ ဖြစ်ကာ အာရှနိုင်ငံများစွာအတွက် ကြိုတင်ခန့်မှန်းခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာတို့တွင် ကြီးမားသောတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ မကြာသေးမီက ၎င်းသည် ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျွန်ုပ်တို့၏ ထုတ်လုပ်ရေးနေရာတို့တွင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခြင်းပိုင်း၌ လုပ်ကိုင်ခဲ့ပါသည်။ မစ္စတာ Knowles သည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နှင့် ထပ်တူစိတ်ထားရှိသူ ဖြစ်ကာ ကျွန်ုပ်တို့၏ လုပ်ငန်းအတွက် စိတ်အားတက်ကြွမှုရှိသူတစ်ဦး ဖြစ်ပါသည်။ ၎င်းသည် Unicity တွင် supply chain နှင့် လုပ်ငန်းလည်ပတ်မှုစီမံခန့်ခွဲရေးအပိုင်းတို့တွင် ကျယ်ပြန့်သော အတွေ့အကြုံရှိထားသူလည်း ဖြစ်သည်။